ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား ၉၄ ဦးကို ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ဇန်နဝါရီလ ၁၃ ရက်က ထပ်မံပြန်ပို့ခဲ့ကြောင်း သိရသည်။အဆိုပါ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံ ရနောင်းခရိုင် ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးရဲစခန်း အချုပ်ဆောင် (IDC)၌ ထိန်းသိမ်းခံထားရသူများဖြစ်ပြီး ၎င်းတို့အား ကော့သောင်းမြို့သို့ ပြန်လည်လွဲပြောင်းပေးခြင်းဖြစ်သည်။ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများအရ ပြစ်ဒဏ်ကျခံပြီးသူများဖြစ်သည့် အမျိုးသား ၇၄ ဦး၊ အမျိုးသမီး ၂၀ ဦး စုစုပေါင်း ၉၄ ဦးတို့ကို ပဲ့ချိတ်စက်လှေ ခုနစ်စီးဖြင့် လွှဲပြောင်းပေးခဲ့သည်။



