back

ကျောင်းသွားတက်သည့်ကလေးတစ်ဦးကို နွားပွဲစျေးမှ ထွက်ပြေးလာသည့် နွားများတိုးဝှေ့ထိခိုက်သွားဟုဆို

Jan 14 • 12:07 PM

breaking-news

မြန်မာ

မန္တလေး

cover

ကျောင်းသွားတက်သည့်ကလေးတစ်ဦးကို နွားပွဲစျေးမှ ထွက်ပြေးလာသည့် နွားများတိုးဝှေ့ထိခိုက်သွားဟုဆို

ကျောင်းသွားတက်သည့်ကလေးတစ်ဦးကို နွားပွဲစျေးမှထွက်ပြေးလာသည့် နွားသုံးကောင်မှ တိုးဝှေ့ထိခိုက်သွားသော ဖြစ်ရပ်တစ်ခုက ယနေ့(ဇန်နဝါရီ ၁၄ ရက်) နံနက်ပိုင်းက မိတ္ထီလာမြို့...

ကျောင်းသွားတက်သည့်ကလေးတစ်ဦးကို နွားပွဲစျေးမှထွက်ပြေးလာသည့် နွားသုံးကောင်မှ တိုးဝှေ့ထိခိုက်သွားသော ဖြစ်ရပ်တစ်ခုက ယနေ့(ဇန်နဝါရီ ၁၄ ရက်) နံနက်ပိုင်းက မိတ္ထီလာမြို့၌ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါမိတ္ထီလာမြို့၊ ကျွဲတလင်းအုပ်စုရှိ မယ်ဇလီပင်ကျောင်းသို့ ကျောင်းတက်ရန်ခြေလျင်သွားနေသော Grade(5) ကျောင်းသား ကလေးတစ်ဦးမှာ အောင်ဆန်းရပ်ကွက် မြို့သစ်နွားပွဲစျေးမှ ထွက်ပြေးလွတ်မြောက်လာသည့် နွားသုံးကောင်က တိုးဝှေ့တိုက်မိခဲ့ခြင်းလည်းဖြစ်သည်။ နွားများနှင့်တိုးဝှေ့ထိခိုက်မှုသောကလေးမှာ ခါးနှင့်လက်တို့တွင် ဖူးရောင်ဒဏ်ရာနှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး လဲကျနေမှုကို အနီးပတ်ဝန်းကျင်ရှိသူများမှ သွားရောက်ကူညီပေးခဲ့ကြကြောင်း သိရသည်။ထိုနွားပွဲစျေးသည် အနီးအနားကျေးရွာများရှိ နွား၊ ဝက်၊ ဆိတ်များကို ငါးရက်တစ်စျေးဖြင့် ခင်းကျင်းရောင်းချခြင်းလည်းဖြစ်ကြောင်း သိရသည်။



news-view-count-icon

35