back

နှိပ်စက်ခံရ၍ ထွက်ပြေးကာ ကားအောက်ဝင်ပုန်းခဲ့သောကလေး ကျန်းမာရေးစောင့်ရှောက်မှုပေးထားဟုဆို

Jan 14 • 12:04 PM

breaking-news

မြန်မာ

ရန်ကုန်

cover

နှိပ်စက်ခံရ၍ ထွက်ပြေးကာ ကားအောက်ဝင်ပုန်းခဲ့သောကလေး ကျန်းမာရေးစောင့်ရှောက်မှုပေးထားဟုဆို

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်အတွင်းဖြစ်ပွားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက် အနော်မာ(၁)လမ်းရှိ နေအိမ်တစ်အိမ်၌ နေထိုင်လျက်ရှိသော ကလေးငယ်မှာ ဇန်နဝါရီ ...

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်အတွင်းဖြစ်ပွားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက် အနော်မာ(၁)လမ်းရှိ နေအိမ်တစ်အိမ်၌ နေထိုင်လျက်ရှိသော ကလေးငယ်မှာ ဇန်နဝါရီ ၁၁ ရက်က အိမ်ရှင်အလစ်တွင်ထွက်ပြေး၍ ကျောင်းကားတစ်စီးအောက်၌ ပုန်းခိုခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ အမျိုးသမီးတစ်ဦးက တွေ့ရှိပြီး ခေတ္တခေါ်ဆောင်ထားကာ ပရဟိတအသင်းထံ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း၊ ထို့နောက် ရွှေဥက္ကလာလူမှုကူညီရေးအသင်းမှ ရောက်ရှိလာပြီး သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ကလေးမှာ မိန်းကလေးဖြစ်ပြီး အခြေအနေကို ပရဟိတအဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ရှိ ဝိုင်းဝန်းကူညီသူများက မေးမြန်းခဲ့ကြရာ အဆိုပါ ၁၃ ရပ်ကွက်၊ အနော်မာ(၁)လမ်းရှိ နေအိမ်သို့ ၎င်းအသက် ၉ နှစ်အရွယ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ရန်ရောက်ရှိခဲ့ပြီး လက်ရှိတွင် ၁၁ နှစ်အရွယ်ရှိနေပြီ ဖြစ်ကြောင်း၊ အိမ်ရှင်မှအစားအစာဝလင်အောင်မကျွေးသည့်အတွက် တိရစ္ဆာန်အစာအဖြစ်လုပ်ထားသော အစားအစာကို ခိုးစားမိပြီးနှိပ်စက်ခံရကြောင်း၊ ယခင်ကလည်း နှိပ်စက်ခံရခြင်းများရှိပြီး ခန္ဓာကိုယ်ပေါ်တွင် ယခုနှိပ်စက်သော ဒဏ်ရာများအပြင် ယခင်နှိပ်စက်ထားသည့် အနာရွတ်များလည်းရှိကြောင်း ကူညီပေးသူများက ဆိုကြသည်။ထိုကလေး၏ မိဘများမှာ လှိုင်သာယာမြို့နယ်တွင်နေထိုင်သူများဖြစ်သည်ဟု ဆိုထားကြပြီး လတ်တလောတွင် ဆေးကုသမှု ခံယူနေသလို သက်ဆိုင်ရာမှ ဆေးစစ်ချက်ယူဆောင်ကာ လိုအပ်သည့်စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း၊ ကာယကံရှင် ကလေး၏မိဘများဘက်မှ ၎င်းနစ်နာမှုအတွက် ဥပဒေအရထိရောက်စွာဖြေရှင်းပေးနိုင်ရန် လိုလားနေကြောင်းလည်း ဆိုကြသည်။


news-view-count-icon

32