ကရင်နီပြည်၊ ဒီးမော့ဆိုမြို့၊ အနောက်ခြမ်း ကျေးရွာတစ်ရွာတွင် ညနေ နွားသိမ်းရန် သွားသည့် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ယမန်နေ့ညပိုင်းတွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး မပိုင် အမည်ရှိ အသက် ၄၀ အရွယ် အမျိုးသမီးသည် ၎င်း နွားသွားသိမ်းမည့် နေရာအနီးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ရွာသားများက တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။ယခု ဖြစ်စဉ်ကြောင့် ေဒသခံအမျိုးသမီးများ ထိတ်လန့်နေကြပြီး အမျိုးသမီးများ လုံခြုံမှု မရှိတော့သည်ကို ပြသနေသည့် အနေအထား ဖြစ်နေသည်ဟု ပြောသည်။



