back

မြဝတီမြို့၊ V8 ဘားဆိုင်ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွား

Jan 14 • 12:01 PM

breaking-news

မြန်မာ

ကရင်

cover

မြဝတီမြို့၊ V8 ဘားဆိုင်ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အောင်မြေရွှေဘို၊ အာရှလမ်းမကြီးဘေးက V8 Entertainment ဘားရှေ့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရ...

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အောင်မြေရွှေဘို၊ အာရှလမ်းမကြီးဘေးက V8 Entertainment ဘားရှေ့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ဇန်နဝါရီ ၁၃ ရက် ည ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်က V8 Entertainment ဘားဆိုင်က ဝန်ဆောင်မှုပေးသည့်အပေါ် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ တပ်ဖွဲ့ဝင်များက ကျေနပ်ခြင်းမရှိသဖြင့် စကားများခဲ့ကြကြောင်း သိရသည်။ထိုသို့ စကားများနေရာမှ လက်နက်ကိုင်အဖွဲ့ဝင် (၇) ဦးသည် ဘားအပြင်ထွက်လာပြီး လမ်းဘေးတွင် ရပ်ထားသည့် ကားအတွင်းရှိ သေနတ်ကိုယူကာ အဆိုပါ ဆိုင်ရှေ့အား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


news-view-count-icon

40