back

ဒဏ်ရာကြောင့် အင်ဒိုကစားသမားနဲ့ မန္တလေးအခြေစိုက် M2K ဖူဆယ်အသင်း လမ်းခွဲခဲ့

Jan 14 • 5:45 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဒဏ်ရာကြောင့် အင်ဒိုကစားသမားနဲ့ မန္တလေးအခြေစိုက် M2K ဖူဆယ်အသင်း လမ်းခွဲခဲ့

ဒီနှစ်ဘောလုံးရာသီမစခင် ခေါ်ယူထားတဲ့ အင်ဒိုနီးရှားကစားသမား 𝐌𝐮𝐡𝐚𝐦𝐦𝐚𝐝 𝐈𝐪𝐛𝐚𝐥 𝐏𝐚𝐬𝐚𝐫𝐢𝐛𝐮 နဲ့ မန္တလေးအခြေစိုက် M2K ဖူဆယ်အသင်းတို့ နှစ်ဦးသဘောတူ လမ်း...

ဒီနှစ်ဘောလုံးရာသီမစခင် ခေါ်ယူထားတဲ့ အင်ဒိုနီးရှားကစားသမား 𝐌𝐮𝐡𝐚𝐦𝐦𝐚𝐝 𝐈𝐪𝐛𝐚𝐥 𝐏𝐚𝐬𝐚𝐫𝐢𝐛𝐮 နဲ့ မန္တလေးအခြေစိုက် M2K ဖူဆယ်အသင်းတို့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း အသင်းက ထုတ်ပြန်ပါတယ်။𝐌𝐮𝐡𝐚𝐦𝐦𝐚𝐝 𝐈𝐪𝐛𝐚𝐥 𝐏𝐚𝐬𝐚𝐫𝐢𝐛𝐮 ဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဖနောင့်ဒဏ်ရာ ရရှိခဲ့ပြီး ဒီနှစ်ဖူဆယ်လိဂ်ပြိုင်ပွဲကို ဝင်ကစားဖို့ မဖြစ်နိုင်တော့လို့ စာချုပ်ဖျက်သိမ်းခဲ့တာပါ လို့ M2K အသင်း တာဝန်ရှိသူက iSports ကို ပြောပါတယ်။ယင်းဒဏ်ရာကို ခွဲစိတ်ကုသဖို့ 𝐌𝐮𝐡𝐚𝐦𝐦𝐚𝐝 𝐈𝐪𝐛𝐚𝐥 𝐏𝐚𝐬𝐚𝐫𝐢𝐛𝐮 ဟာ အင်ဒိုနီးရှားနိုင်ငံကို ဒီနေ့မှာ ပြန်လည်ထွက်ခွာသွားပြီပဲ ဖြစ်ပါတယ်။M2K အသင်းဟာ ဖူဆယ်လိဂ် ဒုတိယအကျော့မှာ 𝐌𝐮𝐡𝐚𝐦𝐦𝐚𝐝 𝐈𝐪𝐛𝐚𝐥 𝐏𝐚𝐬𝐚𝐫𝐢𝐛𝐮 အစား ပြည်ပကစားသမားတစ်ဦး ပြန်လည်ဖြည့်တင်းဖွယ် ရှိကြောင်းလည်း အသင်းတာဝန်ရှိသူက ဆိုပါတယ်။

news-view-count-icon

41