back

အိန္ဒိယတွင် တောဆင်ရိုင်းတစ်ကောင်ကြောင့် ကိုးရက်အတွင်း လူ ၂၀ သေဆုံး၊ ဆင်ကိုဖမ်းဆီးရန် ခက်ခဲနေဆဲဖြစ်

Jan 14 • 5:17 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယတွင် တောဆင်ရိုင်းတစ်ကောင်ကြောင့် ကိုးရက်အတွင်း လူ ၂၀ သေဆုံး၊ ဆင်ကိုဖမ်းဆီးရန် ခက်ခဲနေဆဲဖြစ်

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျာခန်ပြည်နယ်တွင် တောဆင်ရိုင်းတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ ၁ ရက်မှ ၉ ရက်အတွင်း သစ်တောဝန်ထမ်းတစ်ဦးအပါအဝင် လူပေါင်း ၂၀ ထက်မန...

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျာခန်ပြည်နယ်တွင် တောဆင်ရိုင်းတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ ၁ ရက်မှ ၉ ရက်အတွင်း သစ်တောဝန်ထမ်းတစ်ဦးအပါအဝင် လူပေါင်း ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး အဆိုပါဆင်ကို လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ သစ်တောဝန်ထမ်း ၁၀၀ ကျော်က ရှာဖွေနေသော်လည်း ဆင်မှာ ငယ်ရွယ်သွက်လက်ပြီး ညဘက်တွင် တည်နေရာမကြာခဏ ပြောင်းလဲလေ့ရှိသဖြင့် ခြေရာခံရန် ခက်ခဲနေကာ၊ ဒေသခံများ ညဘက်လယ်ကွင်းစောင့်ချိန်တွင် သေဆုံးမှုအများစု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သစ်တောပြုန်းတီးမှုနှင့် ဆင်ကျက်စားရာနေရာများတွင် လူသားများ ကျူးကျော်ဝင်ရောက်လာမှုကြောင့် ယခုကဲ့သို့ လူနှင့်ဆင် ပဋိပက္ခများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု သုတေသီများက သုံးသပ်ထားပြီး လက်ရှိတွင် ဧရိယာတစ်ခုလုံးကို အထူးသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

23