back

မြန်မာနိုင်ငံတော် က သီရိလင်္ကာနိုင်ငံရှိ မုန်တိုင်းဘေးသင့် ပြည်သူတွေကို ဆန်တန်ချိန် (၅၀၀) ပေးပိုလှူဒါန်းခဲ့

Jan 14 • 5:22 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံတော် က သီရိလင်္ကာနိုင်ငံရှိ မုန်တိုင်းဘေးသင့် ပြည်သူတွေကို ဆန်တန်ချိန် (၅၀၀) ပေးပိုလှူဒါန်းခဲ့

မြန်မာနိုင်ငံတော် ကနေ သီရိလင်္ကာနိုင်ငံရှိ မုန်တိုင်းဘေးသင့် ပြည်သူတွေအတွက် ဆန်တန်ချိန် (၅၀၀) (အိတ် ၁၀,၀၀၀) ပေးပိုလှူဒါန်းခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ...

မြန်မာနိုင်ငံတော် ကနေ သီရိလင်္ကာနိုင်ငံရှိ မုန်တိုင်းဘေးသင့် ပြည်သူတွေအတွက် ဆန်တန်ချိန် (၅၀၀) (အိတ် ၁၀,၀၀၀) ပေးပိုလှူဒါန်းခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က သိရပါတယ်။သီရိလင်္ကာနိုင်ငံ မုန်တိုင်းသင့် ပြည်သူ တွေ အတွက် ဆန်အိတ် တွေ ကို ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်းရှိ Asia World Port Terminal မှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။လှူဒါန်းမှု အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆန်တန်ချိန် (၅၀၀) (အိတ် ၁၀၀၀၀) ပေးပို့လှူဒါန်းမယ့် စာရွတ်စာတမ်း တွေ ကို ပေးအပ်ပြီး ၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E.Mrs .Prabashini Ponnamperuma က လက်ခံရယူခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ သီရိလင်္ကာနိုင်ငံ မှာ တိုက်ခတ်ခဲ့တဲ့မုန်တိုင်းဒဏ်ကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတဲ့ မုန်တိုင်းသင့် ပြည်သူ တွေ အတွက် အခုလိုထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။

news-view-count-icon

37