back

မြဝတီ-မဲဆောက် နယ်စပ်ရေလယ်ကျွန်းတွင် မြန်မာများကျူးကျော်နေထိုင်ကြောင်း တိုင်ကြားမှုကြောင့် ထိုင်းအာဏာပိုင်များ စစ်ဆေး

Jan 14 • 5:16 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မြဝတီ-မဲဆောက် နယ်စပ်ရေလယ်ကျွန်းတွင် မြန်မာများကျူးကျော်နေထိုင်ကြောင်း တိုင်ကြားမှုကြောင့် ထိုင်းအာဏာပိုင်များ စစ်ဆေး

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက်ရှိ နှစ်နိုင်ငံနယ်ခြားပိုင် ရေလယ်ကျွန်းပေါ်တွင် မြန်မာနိုင်ငံဘက်မှ အဆောက်အဦများ ဆောက်လုပ်ကာ တရားမဝင် ကျူးကျော်နေထိုင်ပြီး စီးပ...

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက်ရှိ နှစ်နိုင်ငံနယ်ခြားပိုင် ရေလယ်ကျွန်းပေါ်တွင် မြန်မာနိုင်ငံဘက်မှ အဆောက်အဦများ ဆောက်လုပ်ကာ တရားမဝင် ကျူးကျော်နေထိုင်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း တိုင်ကြားချက်အရ ထိုင်းအာဏာပိုင်များက ဇန်နဝါရီလ ၁၃ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ဆေးမှုသည် ထိုင်းရောက်မြန်မာများကို နေရပ်ပြန်ပို့ရန် အမြဲလှုံ့ဆော်လေ့ရှိသည့် "နှုတ်ခမ်းမွေး" ဟု လူသိများသူနှင့် အဖွဲ့၏ တိုင်ကြားမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့က မြန်မာဒေသခံများ၏ ဝင်ရောက်နေထိုင်မှုကို ကမ္ဘောဒီးယားနယ်စပ်ဖြစ်စဉ်များကဲ့သို့ ကျူးကျော်မှုအဖြစ် စွပ်စွဲကာ အရေးယူပေးရန် တိုက်တွန်းထားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။

news-view-count-icon

29