back

ဧရာဝတီ - မြဝတီ ပွဲ လာအားပေးမယ့် ပရိသတ်တွေကို ဂျာစီ၊ ဦးထုပ် နဲ့ ရေဘူးတွေ မဲဖောက်ပေးမယ်

Jan 14 • 4:46 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဧရာဝတီ - မြဝတီ ပွဲ လာအားပေးမယ့် ပရိသတ်တွေကို ဂျာစီ၊ ဦးထုပ် နဲ့ ရေဘူးတွေ မဲဖောက်ပေးမယ်

ဇန်နဝါရီ ၁၄ရက် (ဒီနေ့) ညနေ ၃နာရီခွဲ၊ YUSC ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ဧရာဝတီအမျိုးသမီးအသင်းနဲ့ မြဝတီအမျိုးသမီးအသင်းတို့ ပွဲစဉ်ကို လာရောက်ကြည့်ရှုအားပေးမယ့် ပရိသ...

ဇန်နဝါရီ ၁၄ရက် (ဒီနေ့) ညနေ ၃နာရီခွဲ၊ YUSC ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ဧရာဝတီအမျိုးသမီးအသင်းနဲ့ မြဝတီအမျိုးသမီးအသင်းတို့ ပွဲစဉ်ကို လာရောက်ကြည့်ရှုအားပေးမယ့် ပရိသတ်တွေအတွက် ဧရာဝတီအမျိုးသမီးအသင်း ဂျာစီ၊ ဦးထုပ်နဲ့ ရေဘူးတွေ မဲဖောက်ပေးမယ်လို့ ကစားသမားတွေက သတင်းစကားပြောကြားထားပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းရဲ့ ဝတ်စုံစပွန်ဆာ Glory Sports က စီစဉ်ပေးတာလို့ သိရပြီး လက်ဆောင်ပေးမယ့် ပစ္စည်းတိုင်းကို ဧရာဝတီအမျိုးသမီးအသင်း ကစားသမားတွေ အမှတ်တရ လက်မှတ်ရေးထိုးပေးထားပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းအနေနဲ့ ဒီနေ့ညနေ ယှဉ်ပြိုင်ကစားရမယ့်ပွဲမှာ မြဝတီကို အနိုင်ရမယ်ဆိုရင် တစ်ပွဲအသာနဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။


news-view-count-icon

57