ယခုနောက်ပိုင်းတွင် တက္ကစီခများ အပြိုင်အဆိုင်တိုးတောင်းလာကြသော်လည်း ဝန်ဆောင်မှုများမှာ ကျဆင်းနေသော အခြေအနေမျိုးဖြစ်နေကြောင်း ရန်ကုန်မြို့တွင်းသွားလာနေသူများထံမှ သိရသည်။ဟိုနားဒီနားသွားတာတောင် ၅၀၀၀ ပဲ၊ အခု EV တွေလည်း ဆွဲလာတယ်၊ EV လည်း စျေးအတူတူပဲ တောင်းကြတာများတယ်၊ သူကဒါပေမယ့် စီးရတာသန့်တယ်၊ အဲယားကွန်းဖွင့်ပေးထားတယ်”ဟု ခရီးသည် တစ်ဦးက ပြောသည်။ရန်ကုန်မြို့ရှိ တက္ကစီစျေးကွက်အတွင်းတွင် မူလက ဆီကားများနှင့် သဘာဝဓာတ်ငွေ့ကားများရှိကြပြီး ယခုနောက်ပိုင်းတွင် EV များလည်း ဝင်ရောက်လာလျက်ရှိသည်။ ယခင်က ဆီကားများထက် သဘာဝဓာတ်ငွေ့သုံး ကားများမှာ ကားခပိုသက်သာခဲ့ပြီး EV ကားများမှာ ဆီကားများထက် သက်သာခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စျေးနှုန်းအတူတူ အနေအထားမျိုးဖြစ်နေကြောင်း သိရသည်။ယခုအခါ ဘိုကလေးစျေးလောက်မှ ဆူးလေမြို့တော်ခန်းမအနီး နေရာအထိကို တက္ကစီအများစုမှာ ၅၀၀၀ ကျပ်နှုန်း တောင်းယူနေပြီး ရွှေဘုံသာလမ်း အထက်ဘလောက် ဗိုလ်ချုပ်စျေးအနီးမှ ရွှေဘုံသာလမ်းအောက်ဘလောက် ကမ်းနားလမ်းအထိကို ယခင်က ၃,၀၀၀ ကျပ်သာတောင်းယူသော်လည်း ယခု ၅,၀၀၀ ကျပ်တောင်း ယူနေကြောင်း၊ မြေနီကုန်းမှ ရွှေတိဂုံစေတီအထိကို ၇၀၀၀ ကျပ်၊ မြေနီကုန်းမှ လှည်းတန်းအထိကို ၇၀၀၀ ကျပ်၊ လမ်း ၃၀ မှ သခင်မြပန်းခြံအထိကို ၆,၀၀၀ ကျပ်၊ ဆူးလေမှ လှည်းတန်းအထိ ၁,၃၀၀၀ ကျပ်မှ ၁,၅၀၀၀ ကျပ်ကြားစသည်ဖြင့် တောင်းယူနေလျက်ရှိကြောင်းလည်း ခရီးသည်များထံမှ သိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လူစီး ၃၆၂,၅၃၄ စီး၊ ခရီးသည်တင် ၁၁,၉၅၅ စီး အပါအဝင် စုစုပေါင်း ၆၄၅,၃၂၄ စီး မှတ်ပုံတင်ထားကြောင်း နိုဝင်ဘာလကုန်အထိစာရင်းများအရ သိရသည်။ ရန်ကုန်တွင် စီးတီးတက္ကစီအဖြစ် တရားဝင် မှတ်ပုံတင်ထားသော တက္ကစီပေါင်း ၅၀၀၀၀ ကျော်ရှိပြီး နယ်ဒေသများမှ ဝင်ရောက်လာသည့် နယ်လိုင်စင်တက္ကစီများနှင့် အသစ်ဝင်လာသော EV တက္ကစီများအပါအဝင် စီးရေ ၇၀,၀၀၀ မှ ၈၀,၀၀၀ လောက်ရှိ နိုင်ကြောင်း ခန့်မှန်းမှုများရှိသည်။



