၁၃.၁.၂၀၂၆ ရက်နေ့၊ ၂၁နာရီ ၀၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့ပါတယ်။အဆိုပါသတင်းရသဖြင့် သံဖြူဇရပ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)၊ မီးသတ်ရေသယ်ယာဉ်(၁)၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၁ နာရီ၁၈မိနစ် အချိန်တွင် မီးငြိမ်းပါသည်။



