ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မြို့မအားကစားကွင်း၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ME STYLE CUP အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၁၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ အသင်းပေါင်း ၁၈ သင်းက အုပ်စု ၆ စုခွဲ၍ ဇန်နဝါရီ ၃၀ ရက်အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲဖွင့်ပွဲတွင် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် ရိုးမတောင်တန်းအသင်းနှင့် Cheers Corner အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရပါသည်။
တာချီလိတ်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ စတင်ကျင်းပ
Jan 14 • 3:18 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 22 | 0 | 0 | 0 |


