ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဇန်နဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်တို့၌ ကားခိုးမှုနှင့် ဆိုင်ကယ်ရိုက်လုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ဇန်နဝါရီ ၁၃ ရက် နံနက် ၅ နာရီခန့်က ဟိုနားရပ်ကွက်အတွင်း တရုတ်ဘက်သို့သွားရန် တန်းစီမည့် ဆိုင်ကယ်သမားတစ်ဦးကို လူ ၂ ဦးက ရိုက်နှက်ကာ ဆိုင်ကယ်လုယူသွားသဖြင့် ဆိုင်ကယ်ပိုင်ရှင် ခေါင်းတွင်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းကလည်း အမှတ် (၁) လမ်းမကြီးပေါ်တွင် ရပ်ထားသည့် Crown ကားတစ်စီး ထပ်မံခိုးယူခံခဲ့ရသည်။ မူဆယ်မြို့တွင် ဌာနဆိုင်ရာများရှိနေသော်လည်း တရားဥပဒေစိုးမိုးမှု အားနည်းနေသဖြင့် ခိုး၊ ဆိုး၊ လုယက်မှုများ မကြာခဏဖြစ်ပွားနေကာ ဒေသခံများမှာ လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်နေကြကြောင်း သိရှိရပါသည်။
Jan 14 • 3:16 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 25 | 0 | 0 | 0 |


