back

အီရန်ဆန္ဒပြပွဲ သေဆုံးသူ ၂၀၀၀ နီးပါးရှိလာ၊ထရမ့်က ဆန္ဒဆက်ပြဖို့နဲ့ အကူအညီတွေလာနေကြောင်း ပြနေ

Jan 14 • 3:27 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန်ဆန္ဒပြပွဲ သေဆုံးသူ ၂၀၀၀ နီးပါးရှိလာ၊ထရမ့်က ဆန္ဒဆက်ပြဖို့နဲ့ အကူအညီတွေလာနေကြောင်း ပြနေ

အီရန်နိုင်ငံက ဆန္ဒပြပွဲတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ လူ့အခွင့်အ‌ရေး အဖွဲ့အစည်းတွေက ထုတ်ပြန်နေက...


အီရန်နိုင်ငံက ဆန္ဒပြပွဲတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ လူ့အခွင့်အ‌ရေး အဖွဲ့အစည်းတွေက ထုတ်ပြန်နေကြပြီး အမေရိကန်သမ္မတ ထရမ့်က ဆန္ဒဆက်ပြဖို့နဲ့ အကူအညီတွေလာနေပြီဖြစ်ကြောင်း အီရန်ပြည်သူတွေကို ကတိပေးပြောဆိုခဲ့ပါတယ်။သမ္မတထရမ့်က Truth Social မှာ "အီရန် မျိုးချစ်တို့ရေ၊ ဆက်လက်ဆန္ဒပြကြပါ၊ အစိုးရဌာနတွေကို သိမ်းပိုက်လိုက်ကြပါ၊ သတ်ဖြတ် ညှဉ်းပန်းသူတွေရဲ့ အမည်စာရင်းကို မှတ်ထားကြပါ၊ သူတို့ ပြန်ပေးဆပ်ရမှာပါ။ဆန္ဒပြသူတွေကို အဓိပ္ပာယ်မဲ့ သတ်ဖြတ်နေတာတွေ မရပ်မချင်း အီရန်အရာရှိတွေနဲ့ တွေ့ဆုံမှု အားလုံးကို ဖျက်သိမ်းလိုက်ပြီ၊ အကူအညီတွေ လာနေပြီ၊ Make Iran Great Again (အီရန်နိုင်ငံကို ပြန်လည်ကြီးကျယ်အောင် လုပ်ဆောင်ကြစို့)" လို့ ရေးသားခဲ့ ပါတယ်။

အမေရိကန်အခြေစိုက် အီရန်လူ့အခွင့်အရေး လှုပ်ရှားသူများ သတင်းအေဂျင်စီ (HRANA) ရဲ့ အစီရင်ခံစာ အရ အင်တာနက်တွေ ဖြတ်တောက်ထားတဲ့ ကြားကပဲ ပြီးခဲ့တဲ့ ၁၇ ရက် အတွင်း ဆန္ဒပြသူ ၁၈၅၀ ဦး၊ အစိုးရနဲ့ ဆက်နွှယ်သူ ၁၃၅ ဦး၊ ပတ်သက်မှု မရှိတဲ့ အရပ်သား ၉ ဦးနဲ့ ကလေးငယ် ၉ ဦး သေဆုံး ခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။အီရန်အရာရှိတစ်ဦးကလည်း လူပေါင်း ၂၀၀၀ သေဆုံးခဲ့တာ မှန်ပြီး ဒါဟာ "အကြမ်းဖက် သမားတွေ" ရဲ့ လက်ချက် ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေး အရာရှိတွေရဲ့ အဆိုအရ ထရမ့်ဟာ အဝေးပစ် ဒုံးကျည်နဲ့ တိုက်ခိုက်တာ၊ ဆိုက်ဘာ စစ်ဆင်ရေး အပါအဝင် လျှို့ဝှက် စစ်ရေးနည်းလမ်းမျိုးစုံကို အသုံးပြုဖို့ လမ်းညွှန်ချက် ရထားပြီးသား ဖြစ်ပါတယ်။ထရမ့်ကတော့ ဒီသတ်ဖြတ်မှုတွေ အတွက် အီရန် အာဏာပိုင်တွေ "ကြီးမားတဲ့တန်ဖိုး" ပြန်ပေး ဆပ်ရလိမ့်မယ်လို့ ပြောဆိုခဲ့ပြီး ပြည်သူတွေကိုလည်း "ဆက်လက်ဆန္ဒပြကြဖို့" တိုက်တွန်းခဲ့ ပါတယ်။

news-view-count-icon

21