back

ထိုင်းတွင် ကားပိပြီး ဆုံးသွားသည့် မြန်မာအလုပ်သမားအတွက် နစ်နာကြေးရရန် ဆောင်ရွက်

Jan 14 • 3:14 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ကားပိပြီး ဆုံးသွားသည့် မြန်မာအလုပ်သမားအတွက် နစ်နာကြေးရရန် ဆောင်ရွက်

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ သံစက်ရုံတစ်ခုတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က အလုပ်ချိန်အတွင်း ဖော့ကလစ်ကား (Forklift) တိမ်းမှောက်၍ သေဆုံးခဲ့သည...

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ သံစက်ရုံတစ်ခုတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က အလုပ်ချိန်အတွင်း ဖော့ကလစ်ကား (Forklift) တိမ်းမှောက်၍ သေဆုံးခဲ့သည့် အသက် ၂၃ နှစ်အရွယ် မြန်မာအလုပ်သမား ကိုကျော်ဇင်ဝင်း အတွက် နစ်နာကြေးရရှိရန် MHAC မဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ သေဆုံးသူ၏ မိသားစုဝင်များက အကူအညီတောင်းခံမှုကြောင့် MHAC အဖွဲ့သည် ဇန်နဝါရီလ ၁၂ ရက်နေ့မှစတင်ကာ အလုပ်သမားဥပဒေနှင့်အညီ လုပ်ငန်းစဉ်များ စတင်နေပြီဖြစ်သည်။ လက်ရှိတွင် လိုအပ်သည့် စာရွက်စာတမ်းများနှင့် လူမှုဖူလုံရေး (ပကန်) တင်ပြမှုများ ပြီးစီးထားသော်လည်း ထိုင်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း တင်းကြပ်မှုများကြောင့် နစ်နာကြေးရရှိမည့်ရက်နှင့် ပမာဏကိုမူ အတိအကျ မသိရသေးကြောင်း MHAC တာဝန်ခံ ကိုဖြိုးကိုကိုဇင်က ပြောကြားခဲ့ပါသည်။

news-view-count-icon

26