back

မြန်မာနိုင်ငံသား ဂိုးနည်းပြ ဦးကျော်ထက်အောင် တာဝန်ယူထားသည့် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် အိန္ဒိယအသင်း စတင်ရင်ဆိုင်ရမည်

Jan 14 • 3:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံသား ဂိုးနည်းပြ ဦးကျော်ထက်အောင် တာဝန်ယူထားသည့် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် အိန္ဒိယအသင်း စတင်ရင်ဆိုင်ရမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဂိုးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံသား ဦးကျော်ထက်အောင် အတွက် အရေးကြီးသော ပွဲစဉ်များ ရောက်ရှိလာပြီဖြစ်သည်။ ၎င်းတာဝန်ယူ...

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဂိုးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံသား ဦးကျော်ထက်အောင် အတွက် အရေးကြီးသော ပွဲစဉ်များ ရောက်ရှိလာပြီဖြစ်သည်။ ၎င်းတာဝန်ယူထားသည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားလက်ရွေးစင်အသင်းသည် မနက်ဖြန် (ဇန်နဝါရီ ၁၅ ရက်) တွင် အိန္ဒိယအသင်းနှင့် အဖွင့်ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး၊ ၎င်းကပင် ပူးတွဲတာဝန်ယူထားသည့် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအသင်းသည်လည်း ဇန်နဝါရီ ၁၅ ရက်နေ့တွင်ပင် အိန္ဒိယအမျိုးသမီးအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မြန်မာနည်းပြတစ်ဦး ပြည်ပလက်ရွေးစင်အသင်းများတွင် အဆင့်မြင့်တာဝန်ယူကာ ဒေသတွင်းအင်အားကြီး အိန္ဒိယအသင်းနှင့် စတင်ရင်ဆိုင်ရမည့် အခြေအနေဖြစ်သဖြင့် အားကစားပရိသတ်များအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါသည်။

news-view-count-icon

30