အီတလီ- မြန်မာ အနုပညာ၊ အမွေအနှစ်နဲ့ တီထွင်ဖန်တီးမှုပြပွဲကို၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်မှာ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။ပထမအကြိမ်ကို အောင်မြင်စွာ ကျင်းပပြီးနောက် အီတလီနဲ့ မြန်မာ အနုပညာ၊ အမွေအနှစ်နှင့် တီထွင်ဖန်တီးမှုတို့ရဲ့ ကြွယ်ဝမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒုတိယအကြိမ်မြောက်ပွဲကြီးကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဝင်ကြေးအခမဲ့| အီတလီသံရုံးဝင်းထဲမှာကျင်းပမှာဖြစ်ပြီးအခုနှစ်ပွဲတော်မှာ အောက်ပါအစီအစဉ်များနဲ့အတူ ရုပ်ရှင်နှင့် အမြင်အာရုံဆိုင်ရာ ဇာတ်လမ်းပြောပြခြင်းကိုလည်း ပြသသွားမှာဖြစ်ပါတယ်။ ပြပွဲမှာ အနုပညာပြပွဲများ၊ ခေတ်ပြိုင်အနုပညာ ခင်းကျင်းမှုများ၊ အမွေအနှစ်၊ အမှတ်တရများနဲ့ ရိုးရာဓလေ့တို့ကို ခရီးနယ်ချဲ့ခြင်း၊အပြန်အလှန်ဆောင်ရွက်ရမယ့်အစီအစဉ်များနဲ့ လက်တွေ့အလုပ်ရုံဆွေးနွေးပွဲများ၊
ရုပ်ပုံများ၊ ဇာတ်လမ်းများနဲ့ မျှဝေထားတဲ့ တီထွင်ဖန်တီးမှုများကတစ်ဆင့် ယဉ်ကျေးမှု၊ ဒီဇိုင်း၊ အမွေအနှစ်နဲ့ အနုပညာတို့ဟာ နယ်နိမိတ်တွေကိုဖြတ်ကျော်ပြီး မည်သို့မည်ပုံချိတ်ဆက်နေတယ်ကို စူးစမ်းလေ့လာဖို့ ပြသထားမှာဖြစ်ပါတယ်။ပြပွဲလာကြည့်ရင်း အီတာလျံအစားအသောက်တွေကိုလည်း တစ်နေ့တာလုံးသုံးဆောင်နိုင်ဦးမှာလည်းဖြစ်ပါတယ်။



