လာအိုအကျဉ်းထောင်နှင့် ပြုပြင်ပြောင်းလဲရေးစခန်းများတွင် ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ မြှင့်တင်ရန် ရည်ရွယ်သည့် ပူးပေါင်းဆောင်ရွက်မှုသစ်တစ်ရပ်ကို ဇန်နဝါရီ၁၃ရက်အင်္ဂါနေ့က တရားဝင်ဖော်ဆောင်ခဲ့သည်။ ထိုနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဝန်ကြီးဌာနတို့က ဖမ်းဆီးထိန်းသိမ်းရေးစခန်းများရှိ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ဤသဘောတူညီချက်ကို ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖွန်ပါဒစ် ဆန်းဆိုင်ယာလတ်နှင့် လုံခြုံရေးဝန်ကြီးဌာန၊ အကျဉ်းထောင်နှင့် ပြုပြင်ပြောင်းလဲရေးစခန်းများဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ဆိုမ်ဆိုင်း ဆိုင်းကမ္ဘာယောင်တို့က လက်မှတ်ရေးထိုးခဲ့သည်။
လာအိုရဲ့ကျန်းမာရေး၊ လုံခြုံရေးဝန်ကြီးဌာနများမှ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်နေ
Jan 14 • 2:19 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


