back

တာချီလိတ်ရွှေတိဂုံတရားပွဲတွင် ကျပ်သိန်း ၁,၀၀၀ ကျော် လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

Jan 14 • 2:05 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်ရွှေတိဂုံတရားပွဲတွင် ကျပ်သိန်း ၁,၀၀၀ ကျော် လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပခဲ့သည့် နိုင်ငံတော်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး၏ တရားပွဲတွင် နဝကမ္မနှင့် ဆေးပဒေသာပင် အလှူငွေကျပ် သိန်း ၁,၀...

တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပခဲ့သည့် နိုင်ငံတော်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး၏ တရားပွဲတွင် နဝကမ္မနှင့် ဆေးပဒေသာပင် အလှူငွေကျပ် သိန်း ၁,၀၀၀ ကျော် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် တာဝန်ရှိသူများက အလှူရှင်များအား အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွားတော် ၅၀၀ ဆူ၊ လာဘမုနိ ဗုဒ္ဓရုပ်ပွားတော် ၉၀ ဆူ နှင့်အတူ ဂုဏ်ပြုအနုမောဒနာ မှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။ အဆိုပါလှူဒါန်းမှုသည် သာသနာရေးနှင့် ကျန်းမာရေးကဏ္ဍများအတွက် ရည်စူးလှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

34