back

ထိုင်းကယ်ရီသမားများနှင့် ရန်ပွဲဖြစ်သည့် မြန်မာအလုပ်သမား ၆ ဦး ရဲစခန်းတွင် သွားရောက်တောင်းပန်

Jan 14 • 2:04 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းကယ်ရီသမားများနှင့် ရန်ပွဲဖြစ်သည့် မြန်မာအလုပ်သမား ၆ ဦး ရဲစခန်းတွင် သွားရောက်တောင်းပန်

ဘန်ကောက်အနီး ဘန်ဘော်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် ထိုင်းကယ်ရီသမား၏ ဆိုင်ကယ်ကို သံတုတ်ဖြင့် ရိုက်နှက်ရာမှစတင်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် မြန်မာ...

ဘန်ကောက်အနီး ဘန်ဘော်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် ထိုင်းကယ်ရီသမား၏ ဆိုင်ကယ်ကို သံတုတ်ဖြင့် ရိုက်နှက်ရာမှစတင်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် မြန်မာအလုပ်သမား ၆ ဦးသည် ဇန်နဝါရီလ ၁၃ ရက်တွင် ဘန်ဘော်ရဲစခန်း၌ သွားရောက်တောင်းပန်ခဲ့ကြသည်။ ဇန်နဝါရီလ ၁၁ ရက်က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်ကြောင့် ထိုင်းကယ်ရီသမားများအကြား မကျေနပ်မှုများပြင်းထန်ကာ လူစုလူဝေးဖြင့် လက်တုံ့ပြန်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။ ယနေ့တွင် ကျူးလွန်သူ မောင်ဟိန်းအပါအဝင် ၆ ဦးက ၎င်းတို့၏ လုပ်ရပ်အတွက် နောင်တရကြောင်း လက်အုပ်ချီတောင်းပန်ခဲ့ပြီး၊ ပျက်စီးသွားသည့် ဆိုင်ကယ်အတွက် လျော်ကြေးငွေ ဘတ် ၁၀,၀၀၀ ပေးလျော်ရန် သဘောတူညီခဲ့သည်။ ရဲတပ်ဖွဲ့က နှစ်ဖက်စလုံးကို ရန်ပွဲဖြစ်ပွားမှုဖြင့် ဒဏ်ရိုက်ကာ ကိုယ်ရေးမှတ်တမ်းယူပြီး ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဆိုင်၏လုပ်ငန်းလိုင်စင်နှင့် အလုပ်သမားအထောက်အထားများကိုမူ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

20