တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ရန်ကုန်သို့ သွားရောက်ဆေးကုသရမည့် လူနာများသည် နယ်မြေမတည်ငြိမ်မှုကြောင့် ကားလမ်းခရီး ကြန့်ကြာခြင်းနှင့် လေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းတို့ကြောင့် ကြီးစွာသော အခက်အခဲများ ရင်ဆိုင်နေရသည်။ မြိတ်-ရန်ကုန် လေယာဉ်ခရီးစဉ်မှာ အသွားအပြန် ကျပ် ၁၀ သိန်းကျော်အထိ ရှိနေသဖြင့် သာမန်မိသားစုများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေရုံမက၊ ကားလမ်းဖြင့် သွားလာရာတွင်လည်း လမ်းပိတ်ဆို့မှုများကြောင့် လမ်းခုလတ်၌ပင် လူနာဆုံးပါးမှုများ ရှိနေကြောင်း သိရသည်။ အဆိုပါလမ်းကြောင်းကို မှီခိုနေရသည့် နှလုံး၊ ဆီးချိုနှင့် ကျောက်ကပ်လူနာများအပြင် ကျောင်းသားများနှင့် စီးပွားရေးသမားများပါ သွားလာရေး ခက်ခဲနေပြီး၊ ရေလမ်းခရီးမှာလည်း မြိတ်မှ ထားဝယ်အထိသာ သွားလာနိုင်သေးသည့်အတွက် ခရီးသွားလာသူများမှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်မှုများ ကြုံတွေ့နေရကြောင်း မြို့ခံများက ပြောဆိုထားပါသည်။
မြိတ်မြို့ကနေ ရန်ကုန်မြို့ကို သွားရောက်ဆေးဝါးကုသနေရတဲ့ မြို့ခံတွေဟာ လမ်းခရီးအခက်အခဲတွေကြောင့် ဆေးသွားရောက်ကုသဖို့ ခက်ခဲလာ
Jan 14 • 2:03 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 29 | 0 | 0 | 0 |


