ဆောင်းလလယ်အခုရက်ပိုင်းမှာ မိုးအနည်းငယ်ရွာဦးမှာဖြစ်တယ်လို့ပြည်တွင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ဇန်နဝါရီလ(၁၄)ရက်ကစလို့ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းဖို့ရှိတယ်လို့ သိရပါတယ်။



