ဂမ်ဘီယာနိုင်ငံနှင့် ရင်ဆိုင်နေရသည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆင်ခြင်သုံးသပ်နိုင်မှုနှင့် တရားမျှတမှုတို့အပေါ် ယုံကြည်မှုအပြည့်အဝရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် အမှုစတင်ကတည်းက တရားရုံးနှင့် အပြုသဘောပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်များကိုလည်း လေးစားလိုက်နာကာ အစီရင်ခံစာများ မှန်မှန်တင်သွင်းခဲ့ကြောင်း ဆိုသည်။ ဂမ်ဘီယာ၏ စွပ်စွဲချက်များသည် အချက်အလက်နှင့် ဥပဒေကြောင်းအရ မှန်ကန်မှုမရှိကြောင်းကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်မည့် ကြားနာပွဲ၌ ခိုင်မာသည့် သက်သေအထောက်အထားများဖြင့် လျှောက်လဲသွားမည်ဖြစ်သည်။ ထို့ပြင် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတကာမိတ်ဆွေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း အသိပေးထားပါသည်။
မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆင်ခြင်သုံးသပ်နိုင်မှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့အပေါ် ယုံကြည်မှုအပြည့်အဝရှိ
Jan 14 • 1:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


