back

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်ပေါင်း ၃၂၀ တက်ရောက်

Jan 14 • 1:58 AM

breaking-news

မြန်မာ

နေပြည်တော်

cover

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်ပေါင်း ၃၂၀ တက်ရောက်

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) တွင် ကျင်းပလျက်ရှိသော လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမ...

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) တွင် ကျင်းပလျက်ရှိသော လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်ပေါင်း ၃၂၀ တက်ရောက်လျက်ရှိသည်။ အဆိုပါဖိုရမ်တွင် အရပ်ဘက်အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (NCA-S EAOs)၊ ပရဟိတကွန်ရက်များနှင့် အနုပညာရှင်ကိုယ်စားလှယ်များ စုံလင်စွာပါဝင်သည်။ ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ၃ ရက်ကြာကျင်းပမည့် ဤဖိုရမ်တွင် ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ပဋိပက္ခဒဏ်ခံရသူများ ပြန်လည်ထူထောင်ရေး၊ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ AI နှင့် ဆိုက်ဘာလုံခြုံရေး စသည့် ကဏ္ဍစုံအကြောင်းအရာများကို အပြုသဘောဆောင် ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

35