back

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)လှူဒါန်း

Jan 14 • 1:56 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)လှူဒါန်း

သီရိလင်္ကာနိုင်ငံတွင် တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများအတွက် မြန်မာနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ ကို ၂၀၂၆ ခုနှစ်၊ ဇ...

သီရိလင်္ကာနိုင်ငံတွင် တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများအတွက် မြန်မာနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Asia World Port Terminal ၌ လွှဲပြောင်းပေးအပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လှူဒါန်းမှုဆိုင်ရာ စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး ထံသို့ ပေးအပ်ခဲ့ပြီး၊ တာဝန်ရှိသူများက ဆန်များတင်ဆောင်မည့် ကွန်တိန်နာများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဤလှူဒါန်းမှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပေးပို့လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

24