back

မြန်မာ-တရုတ်ခရီးသွားလုပ်ငန်း စတင်လုပ်ကိုင်လိုသူများအား အကူအညီပေးသွားမည်

Jan 14 • 1:49 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မြန်မာ-တရုတ်ခရီးသွားလုပ်ငန်း စတင်လုပ်ကိုင်လိုသူများအား အကူအညီပေးသွားမည်

မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း စတင်လုပ်ကိုင်လိုသည့် အေဂျင်စီများအား လိုအပ်သော အဆက်အသွယ်များ ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တရုတ်ယဉ်ကျ...

မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း စတင်လုပ်ကိုင်လိုသည့် အေဂျင်စီများအား လိုအပ်သော အဆက်အသွယ်များ ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ သိရသည်။ ဇန်နဝါရီလ ၁၃ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သော "China Winter Tourism Promotion & Seminar" ပွဲတွင် စင်တာ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ခရီးသွားအေဂျင်စီအချင်းချင်း သတင်းအချက်အလက်ဖလှယ်ရန်နှင့် မြန်မာနိုင်ငံသားများနှင့် ကိုက်ညီမည့် ခရီးစဉ်များ ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ အဆိုပါပွဲတွင် တရုတ်ဗီဇာမူဝါဒများနှင့် ဆောင်းရာသီခရီးစဉ်များကို မိတ်ဆက်ခဲ့ပြီး လက်ရှိတွင် မြန်မာခရီးသွားများအနေဖြင့် ချုံချင့် (Chongqing) ခရီးစဉ်ကို စိတ်ဝင်စားမှု အများဆုံးရှိနေကြောင်း သိရသည်။ ယခုအခါ မြန်မာနှင့် တရုတ်အကြား တိုက်ရိုက်လေကြောင်းလိုင်း ၈ လိုင်း ပျံသန်းနေပြီး ခရီးလှည့်လည်ရေးကုမ္ပဏီ ၅၂ ခုက ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

news-view-count-icon

18