ထိုင်းနိုင်ငံ၊ စရဘူရီခရိုင်၊ နောင်ခဲမြို့နယ် အဝေးပြေးလမ်းမကြီးပေါ်တွင် ဇန်နဝါရီလ ၁၃ ရက်က အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃ ဦးနှင့် ၎င်းတို့ကို တင်ဆောင်လာသည့် မြန်မာယာဉ်မောင်းတစ်ဦးတို့ကို အဝေးပြေးလမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ယာဉ်မောင်းဖြစ်သူက ခရီးသည်တစ်ဦးလျှင် ဘတ် ၁,၀၀၀ နှုန်းဖြင့် ပထုမ်ထာနီရှိ တလတ်ထိုင်းဈေးသို့ ပို့ဆောင်ရန် ငှားရမ်းခံရခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး၊ ဖမ်းဆီးခံရသူ မြန်မာ ၃ ဦးမှာ မဲဆောက်နယ်စပ်မှတစ်ဆင့် ပွဲစားခ ဘတ် ၁၀,၀၀၀ ကျော်စီပေးကာ ခိုးဝင်လာခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတစ်ဝန်း၌ တရားမဝင် ဝင်ရောက်မှုများကို တင်းကျပ်စွာ စစ်ဆေးနေပြီး ဇန်နဝါရီ ၆ ရက်မှ ၁၁ ရက်အတွင်း ပရာကျော့ခီရီခန်၊ မဲဆောက်၊ အယုဒ္ဓယနှင့် စကဲအိုခရိုင်တို့တွင် မလေးရှားနှင့် ကမ္ဘောဒီးယားသို့ ဆက်လက်ထွက်ခွာမည့်သူများ အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၉၀ ကျော်ခန့် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း သိရှိရပါသည်။
Jan 14 • 1:48 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


