Safe Migration အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှ ၁၃ ရက်အတွင်း အီးမေးလ် (Email) မှတစ်ဆင့် ပြည်ပထွက်ခွာခွင့် လျှောက်ထားသူများအနက် အထောက်အထား ပြည့်စုံမှန်ကန်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မတိုင်မီ ထွက်ခွာမည့်သူများကို ဝန်ကြီးဌာနသို့ ခွင့်ပြုချက်ရရှိရန် တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ ခွင့်ပြုချက်များ ကျလာပါက ထပ်မံကြေညာပေးသွားမည်ဖြစ်သည်။ သို့သော် ဇန်နဝါရီလ ၁၉ ရက်နောက်ပိုင်းမှ ထွက်ခွာမည့်သူများအနေဖြင့်မူ လိုအပ်သော အချက်အလက်စုံလင်စွာဖြင့် စာလမ်းကြောင်း (ရုံးစာ) မှတစ်ဆင့်သာ တင်ပြပေးရန် မေတ္တာရပ်ခံထားသည်။ ဝင်စာမှတ်ပုံတင်စနစ်ဖြင့် စနစ်တကျ ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းအတိုင်း ပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပေးထားပါသည်။
Jan 14 • 1:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 1 | 0 | 0 |


