မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရကျောင်းတိုက်၌ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက “ဘဒ္ဒန္တကေသရ” (ဝင်းစိန်ဆရာတော်ဘုရားကြီး) ၏ သက်တော် (၁၀၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲကို ဇန်နဝါရီလ ၁၂ ရက် (ပြာသိုလဆုတ် ၁၀ ရက်) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ရပ်နီးရပ်ဝေးမှ သံဃာတော်အပါး ၇၀၀ ခန့်နှင့် ဒေသခံပြည်သူ သောင်းနှင့်ချီ၍ လာရောက်ကြည်ညိုခဲ့ကြသည်။ အဆိုပါမွေးနေ့ပွဲတွင် ဘာသာရေးအစီအစဉ်များကို အဓိကထား ကျင်းပခဲ့ခြင်းဖြစ်ပြီး မုဒုံမြို့နှင့် အနီးဝန်းကျင်ဒေသများမှ ဘုရားဖူးပြည်သူများသည် ယာဉ်မျိုးစုံဖြင့် အဆက်မပြတ် လာရောက်ခဲ့ကြသဖြင့် ပွဲတော်မှာ ယခင်နှစ်များထက် ပိုမိုစည်ကားခဲ့ကြောင်း သိရှိရပါသည်။
Jan 14 • 1:44 AM
မြန်မာ
မွန်
မျှဝေမည်
| 58 | 0 | 0 | 0 |


