back

မြဝတီ-ရွှေကုက္ကိုလ်နယ်မြေရှိ တရားမဝင်ပြည်ပနိုင်ငံသား ၁၀၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း

Jan 14 • 1:50 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတီ-ရွှေကုက္ကိုလ်နယ်မြေရှိ တရားမဝင်ပြည်ပနိုင်ငံသား ၁၀၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် ပြည်ပနိုင်ငံသား ၁၀၃ ဦးကို ၂၀...

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် ပြည်ပနိုင်ငံသား ၁၀၃ ဦးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်တွင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ဖမ်းဆီးရမိသူများတွင် ကင်ညာ၊ ယူဂန်ဒါနှင့် နိုင်ဂျီးရီးယားနိုင်ငံသားများ အများဆုံးပါဝင်ပြီး ၎င်းတို့ကို မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှ ယနေ့အထိ မြဝတီမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသူ စုစုပေါင်း ၁၄,၁၃၅ ဦးကို ထိန်းသိမ်းနိုင်ခဲ့ရာ ၎င်းတို့အနက် ၁၂,၁၀၇ ဦးကို လွှဲပြောင်းပေးအပ်ပြီးဖြစ်ကာ ကျန်ရှိနေသည့် ၂,၀၂၈ ဦးကိုလည်း ဆက်လက်လွှဲပြောင်းရန်အတွက် ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။

news-view-count-icon

17