အီရန်နိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် အင်တာနက်လိုင်းများ လေးရက်ကြာ ဖြတ်တောက်ခံထားရစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ပြည်သူများ စတားလင့်ခ် (Starlink) အင်တာနက်စနစ် အသုံးပြုနိုင်ရေးအတွက် စပေ့ဆက် (SpaceX) အကြီးအကဲ အီလွန်မက်စ်နှင့် ဆွေးနွေးသွားမည်ဟု ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အီရန်အစိုးရသည် ဇန်နဝါရီ ၈ ရက်မှစတင်ကာ သတင်းအချက်အလက် စီးဆင်းမှုများကို ထိန်းချုပ်ရန် အင်တာနက် ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး၊ သမ္မတထရန့်နှင့် အီလွန်မက်စ်တို့သည် ယခင်က ဆက်ဆံရေးတင်းမာမှုများ ရှိခဲ့သော်လည်း ယခုလအတွင်း ပြန်လည်တွေ့ဆုံမှုများ ရှိခဲ့ကြောင်း သိရသည်။ သို့သော် အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ အီလွန်မက်စ်နှင့် စပေ့ဆက်ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာ တရားဝင် တုံ့ပြန်ခြင်း မရှိသေးသော်လည်း ဤခြေလှမ်းသည် အီရန်နိုင်ငံတွင်းမှ သတင်းအမှန်များ ကမ္ဘာသို့ သိရှိနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Jan 13 • 4:21 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


