ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောအရပ်ရှိ စားသောက်ဆိုင်ရှေ့တွင် ဇန်နဝါရီ ၁၁ ရက်က ဆိုင်ကယ်ဟွန်းတီးရာမှစတင်ကာ မြန်မာလုပ်သားအချို့က ထိုင်းနိုင်ငံသား ၃ ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ဖြစ်စဉ်ကြောင့် ဒေသခံထိုင်းနိုင်ငံသားများနှင့် တင်းမာမှုများ မြင့်တက်နေပါသည်။ မြန်မာအလုပ်သမားများ အခြေချနေထိုင်မှုများသည့် အဆိုပါဒေသတွင် အခြေအနေများ တင်းမာနေသဖြင့် ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် အထူးသတိထားနေထိုင်ကြရန် အလုပ်သမားအရေးလှုပ်ရှားသူများက တိုက်တွန်းနှိုးဆော်ထားသည်။ AAC အဖွဲ့မှ ကိုရဲမင်း၏ ပြောကြားချက်အရ ယာဉ်မောင်းနှင်ရာတွင် ဟွန်းတီးသည့်ကိစ္စမှတစ်ဆင့် စကားများကာ ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် မြန်မာအသိုင်းအဝိုင်းအပေါ် ထိုင်းဒေသခံများ၏ မကျေနပ်မှုများရှိနေကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ ဘန်ဘောတွင် မြန်မာလုပ်သားများနှင့် ထိုင်းနိုင်ငံသားများအကြား တင်းမာမှုဖြစ်ပွား၊ မြန်မာများ သတိထားနေထိုင်ရန် ဆော်သြ
Jan 13 • 4:20 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


