အီရန်နှင့် ကုန်သွယ်ရေးဆက်ဆံမှုရှိတဲ့ နိုင်ငံတွေမှ ကုန်ပစ္စည်းတွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ တတိယအပတ်ရောက်ရှိလာချိန်မှာ အီရန်အပေါ် ဖိအားပေးတဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။ဒီလိုအခွန်ကောက်ခံမှုဟာ ချက်ချင်း အသက်ဝင်မယ်လို့ ထရန့်က ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အီရန်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်တွေဖြစ်ပြီး အဲဒီနောက်မှာတော့ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တူရကီနဲ့ အိန္ဒိယတို့ ရှိနေပါတယ်။ ဘယ်နိုင်ငံက သွင်းကုန်တွေ အပြင်းထန်ဆုံးထိခိုက်မယ်ဆိုတာ အပါအဝင် အခွန်ကောက်ခံမှုတွေနဲ့ ပတ်သက်တဲ့ နောက်ထပ်အချက်အလက်တွေကို အိမ်ဖြူတော်က ထုတ်ပြန်ခြင်းမရှိဘဲအီရန်အစိုးရက ဆန္ဒပြသူတွေကို သတ်ဖြတ်ပါက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်လို့ ထရမ့်က ခြိမ်းခြောက်ပြီးနောက် ယခုအခွန်ကောက်ခံမှုအသစ် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ်ကတော့ အီရန်ကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးရွေးချယ်မှုတွေ စားပွဲပေါ်မှာရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
အီရန်ငွေကြေး ရီယယ်တန်ဖိုး ကျဆင်းမှုအပေါ် ဒီဇင်ဘာလနှောင်းပိုင်းမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီနုတ်ထွက်ပေးရေးတို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။


