၂၀၂၅ ခုနှစ်အတွင်း ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အကြောင်းမဲ့အလုပ်ထုတ်ခံရခြင်း၊ နစ်နာကြေးနှင့် လုပ်အားခများ မရရှိခြင်း စသည့် အခွင့်အရေးချိုးဖောက်မှုများကို အများဆုံးရင်ဆိုင်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား (Complaint Mechanism) က ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုင်ကြားရေးယန္တရားသို့ တစ်နှစ်တာအတွင်း အမှုပေါင်း ၉၅ မှု တိုင်ကြားလာခဲ့ပြီး ၎င်းအနက် ၇၈ မှုကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ခဲ့ကာ အလုပ်သမားပေါင်း ၂,၇၀၈ ဦးကို ဥပဒေနှင့်အညီ ကူညီနိုင်ခဲ့ကြောင်း သိရသည်။ တိုင်ကြားမှုများတွင် စက်မှုကုန်ထုတ်လုပ်ငန်းမှ အများဆုံးဖြစ်ပြီး ဆောက်လုပ်ရေးနှင့် စားသောက်ကုန်လုပ်ငန်းများက နောက်တွင် ရှိနေကာ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု၊ အထောက်အထားသိမ်းဆည်းခံရမှုနှင့် ပွဲစားလိမ်လည်မှုများလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ရေဘေးသင့်ခဲ့သော မြန်မာလုပ်သား ၅,၈၇၀ ဦးကိုလည်း ကူညီထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ထားပါသည်။
၂၀၂၅ ခုနှစ်အတွင်း ပြည်ပရောက် မြန်မာလုပ်သားများ အကြောင်းမဲ့ အလုပ်ထုတ်ခံရခြင်းနှင့် လုပ်အားခမရရှိခြင်းများ အများဆုံးကြုံတွေ့ခဲ့ရ
Jan 13 • 4:22 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


