အေမရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေကို အလေးအနက် မထားသင့်ဘူးလို့ အီရန် လုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီက ပြောခဲ့ကြောင်း ဇန်နဝါရီ ၁၂ ရက် အီရန် အစိုးရ သတင်းတွေက ဖော်ပြကြပါတယ်။ထရမ့်က အီရန်နိုင်ငံထဲက လူထုဆန္ဒပြပွဲတွေကို အနီးကပ် စောင့်ကြည့်နေသလို အာဏာပိုင်တွေဘက်က နှိမ်နင်း ပစ်ခတ်မှုတွေ လုပ်လာမယ်ဆိုရင် ဆန္ဒပြ ပြည်သူတွေဘက်ကနေ အမေရိကန်က လာရောက် ကူညီပေးရလိမ့်မယ် လို့ ပြောထားခဲ့တာဖြစ်ပြီး အလီ လာရီဂျာနီက အလေးအနက်မထားဘူးလို့ တုံ့ပြန် ပြောဆိုတာဖြစ်ပါတယ်။လက်တွေ့မကျ လူကြိုက်များ စကားတွေ အများကြီး ပြောလေ့ရှိတဲ့ ဒေါ်နယ် ထရမ့် ပြောတာတွေကို အလေးအနက် ထားမနေသင့်ဘူးလို့ အီရန် လုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီက ပြောဆိုသွားတယ်လို့ အီရန် အစိုးရ သတင်းတွေက ဖော်ပြနေကြတာဖြစ်ကာတစ်ဖက်မှာ အမေရိကန်က ဒီနေ့ ဇန်နဝါရီလ ၁၃ရက်မှာ အီရန်နဲ့ပတ်သတ်ပြီး ကိုင်တွယ်ရန်နည်းလမ်းတွေကို ထရမ့်အပါအဝင် အစိုးရထိပ်ပိုင်းအရာရှိတွေ ဆွေးနွေးသွားကြမယ်လို့ New York Wall Street သတင်းစာက ဖော်ပြထားပါတယ်။



