၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ငွေကျပ် ၁,၇၆၁ ဘီလီယံကျော် (ကျပ်သန်းပေါင်း ၂ သန်း လောက်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၄ ခုနှစ်ကထက် ပိုများတယ်လို့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။၂၀၂၄ ခုနှစ်တုန်းက ငွေကျပ် ၉၉၈ ဘီလီယံကျော် (သန်းပေါင်း ၁ သန်းလောက်) ဖိုးလောက်ပဲ ဖမ်းဆီးရခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ ၂ ဆနီးပါး များလာပါတယ်။၂၀၂၄ ခုနှစ်တုန်းက အမှုပေါင်း ၅,၅၉၃ နဲ့ လူပေါင်း ၇,၈၂၈ ယောက်ကို ဖမ်းဆီးခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ အမှုပေါင်း ၅,၃၇၀ နဲ့ လူပေါင်း ၇,၅၆၂ ယောက်ကို ဖမ်းဆီးခဲ့လို့ အရင်ကထက် လျော့သွားပါတယ်။စာရင်းအချက်အလက်တွေအရတော့ အမှုနဲ့ ဖမ်းမိသူ နည်းသွားပြီး မူးယစ်ဆေးပမာဏနဲ့ တန်ဖိုးကတော့ သိသိသာသာ များလာတာဖြစ်ပါတယ်၊၊
Jan 13 • 3:42 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


