back

OWIC ကိုင်ဆောင်ထားသူများ ဇန်နဝါရီ ၁၄ ရက်မှစတင်၍ ခွင့်ပြုချက်ရယူပြီးမှသာပြည်ပသို့ပြန်လည်ထွက်ခွာရမည်

Jan 13 • 3:23 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

OWIC ကိုင်ဆောင်ထားသူများ ဇန်နဝါရီ ၁၄ ရက်မှစတင်၍ ခွင့်ပြုချက်ရယူပြီးမှသာပြည်ပသို့ပြန်လည်ထွက်ခွာရမည်

ပြည်ပအလုပ်အကိုင်သက်သေခံကတ်ပြား (OWIC) ကိုင်ဆောင်ထားသူများအနေဖြင့် ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ ပြည်ပသို့ ပြန်လည်ထွက်ခွာပါက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက...

ပြည်ပအလုပ်အကိုင်သက်သေခံကတ်ပြား (OWIC) ကိုင်ဆောင်ထားသူများအနေဖြင့် ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ ပြည်ပသို့ ပြန်လည်ထွက်ခွာပါက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ကို ကြိုတင်ရယူရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။ ခွင့်ပြန် OWIC ကိုင်ဆောင်ထားသူအချို့သည် ဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ ထွက်ခွာနေခြင်းကို စိစစ်တွေ့ရှိရသဖြင့် ယခုကဲ့သို့ စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ပြန်လည်ထွက်ခွာမည့်သူများသည် ရုံးပိတ်ရက်မပါဝင်ဘဲ အနည်းဆုံး ၅ ရက်ကြိုတင်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်သည်။ အဆိုပါစည်းကမ်းချက်သည် အေဂျင်စီအစီအစဉ်၊ မိမိအစီအစဉ်နှင့် ကျွမ်းကျင်/ခွင့်ပြန် အလုပ်သမားအားလုံးနှင့် သက်ဆိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

29