၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၁၃)ရက်
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာဘုရားဖူးပြည်သူတွေလုံခြုံရေးအတွက် CCTVကင်မရာ(၂၄၈)လုံးထပ်တိုးတပ်ဆင်ဖို့နဲ့ တပ်ဆင်ပြီးသားကင်မရာစနစ်တွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။ကင်မရာတွေထပ်တိုးတပ်ဖို့နဲ့ ထပ်တိုးတပ်မယ့်ကင်မရာတွေကို လက်ရှိစနစ်မှာချိတ်ဆက်အသုံးပြုဖို့အတွက် လုပ်ငန်းအပ်နှံဖို့ အိတ်ပိတ်တင်ဒါကို ဂေါပကအဖွဲ့က ခေါ်ယူသွားမှာဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အဆိုပြုလွှာပုံစံကို (၁)သိန်းကျပ်နှုန်းဖြင့် ဖေဖော်ဝါရီလ(၈)ရက် နောက်ဆုံးထားလာရောက်ဝယ်ယူနိုင်တယ်လို့ဆိုပါတယ်။ပြီးခဲ့နှစ်နှစ်ကျော်လောက်ကတည်းက ရွှေတိဂုံစေတီတော်မှာ CCTV အလုံးရေ(၅၀၀)ကျော် တပ်ဆင်ပြီး ဘုရားဖူးများကိုလုံခြုံရေးပေးထားတယ်လို့ သိရပါတယ်။



