back

ထိုင်း Delivery သမား ၃ ဦးအား ရိုက်နှက်ခဲ့သည့် မြန်မာအလုပ်သမား ၆ ဦးကို ဆိုင်ရှင်က အလုပ်ထုတ်

Jan 13 • 3:17 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း Delivery သမား ၃ ဦးအား ရိုက်နှက်ခဲ့သည့် မြန်မာအလုပ်သမား ၆ ဦးကို ဆိုင်ရှင်က အလုပ်ထုတ်

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၆ ဦးသည် ဇန်နဝါရီ ၁၁ ရက်က ဆိုင်ကယ်ဟွန်းတီးရာမှအစပြုကာ ထိုင်းနိုင...

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၆ ဦးသည် ဇန်နဝါရီ ၁၁ ရက်က ဆိုင်ကယ်ဟွန်းတီးရာမှအစပြုကာ ထိုင်းနိုင်ငံသား Delivery သမား ၃ ဦးအား ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ဆိုင်ပိုင်ရှင်က ၎င်းတို့အား အလုပ်ထုတ်လိုက်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးရာတွင် ဆိုင်၏ လုပ်ငန်းလိုင်စင် မပြသနိုင်သဖြင့် ဆိုင်ကိုပါ ယာယီပိတ်သိမ်းရန် ညွှန်ကြားခံခဲ့ရသည်။ ဆိုင်ရှယ်ယာဝင် မြန်မာအမျိုးသမီးက နစ်နာသူများကို တောင်းပန်ကာ ဆေးကုသစရိတ်နှင့် ဆိုင်ကယ်ပြင်ဆင်စရိတ်များ ပေးလျော်မည်ဟု ကတိပြုထားသော်လည်း၊ ဇန်နဝါရီ ၁၂ ရက်ညပိုင်းတွင် ထိုင်းဒေသခံများနှင့် "နှုတ်ခမ်းမွေးအဖွဲ့" ဟု လူသိများသည့်အဖွဲ့က ဆိုင်ရှေ့တွင်စုဝေးကာ မြန်မာလုပ်သားများအပေါ် ကျေနပ်မှုမရှိဘဲ ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

27