back

၂၀၂၆ နှစ်အစပိုင်း ၄ လ ခန့်အထိ အအေးဓါတ် ဆက်လက်လွှမ်းခြုံနိုင်

Jan 13 • 3:11 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၆ နှစ်အစပိုင်း ၄ လ ခန့်အထိ အအေးဓါတ် ဆက်လက်လွှမ်းခြုံနိုင်

၂၀၂၆ ခုနှစ်၏ နှစ်အစ ပထမ ၄ လခန့်အထိ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် အအေးဓာတ် ဆက်လက်လွှမ်းခြုံနေမည်ဖြစ်ပြီး မွန်ပြည်နယ်နှင့် တနင်္သာ...

၂၀၂၆ ခုနှစ်၏ နှစ်အစ ပထမ ၄ လခန့်အထိ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် အအေးဓာတ် ဆက်လက်လွှမ်းခြုံနေမည်ဖြစ်ပြီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ပုံမှန်ထက် ပိုမိုအေးနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။ မိုးလေဝသကျွမ်းကျင်သူ ဦးဝင်းနိုင်၏ ပြောကြားချက်အရ အမြင့်ပေ ၁၈,၀၀၀ ရှိ အားကောင်းသော အနောက်လေစီးကြောင်းနှင့် အနှုတ် ၈ ဒီဂရီစင်ဒီဂရိတ် (-8 C) ရှိသော အပူချိန်များကြောင့် အအေးဓာတ်မှာ အပေါ်မှအောက်သို့ တဖြည်းဖြည်းစီးဆင်းကာ တစ်နိုင်ငံလုံးကို အေးမြစေသည့် အဲယားကွန်းဖြစ်စဉ်ကဲ့သို့ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ယခုနှစ် နှစ်ဆန်းပိုင်းကာလများတွင် ထူးခြားသည့် အအေးဒဏ်ကို ဆက်လက်ခံစားရနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

41