back

၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်

Jan 13 • 3:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်

၂၀၂၆ ခုနှစ်အတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ၏ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကို ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါစာမေးပွဲကို ...

၂၀၂၆ ခုနှစ်အတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ၏ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကို ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါစာမေးပွဲကို မတ်လ ၁၁ ရက်မှ စတင်ကာ မတ်လ ၁၈ ရက်အထိ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပစစ်ဆေးသွားမည် ဖြစ်သည်။ စာမေးပွဲပထမရက်တွင် မြန်မာစာဘာသာရပ်ကို စုပေါင်းစစ်ဆေးမည်ဖြစ်ပြီး နောက်ရက်များတွင် စက်မှုအတတ်ပညာ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုဘာသာရပ်အလိုက် အင်္ဂလိပ်စာ၊ သင်္ချာ၊ သီးနှံထုတ်လုပ်ရေး၊ တိရစ္ဆာန်မွေးမြူရေးနှင့် သက်ဆိုင်ရာ စက်မှုအထူးပြုဘာသာရပ်များကို နေ့ရက်အလိုက် ခွဲခြားစစ်ဆေးသွားမည်ဖြစ်သည်။ အဆောက်အဦ၊ လျှပ်စစ်နှင့် စက်ပစ္စည်းအထူးပြု ကျောင်းသားများအတွက် ပုံဆွဲဘာသာရပ်များနှင့် အခြေခံပရိုဂရမ်ဘာသာရပ်များကို စာမေးပွဲနောက်ဆုံးရက်ဖြစ်သည့် မတ်လ ၁၈ ရက်တွင် စစ်ဆေးကာ စာမေးပွဲပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

58