မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ပထမ ၉ လ (ဧပြီလမှ ဒီဇင်ဘာလအထိ) ကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန်စုစုပေါင်း ၂,၁၁၉,၀၁၁ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၇၅ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။ ဒီဇင်ဘာလအတွင်း၌ပင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃ သိန်းကျော်ကို နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ တင်ပို့ခဲ့ရာ တရုတ်၊ မာဒါဂတ်စကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အများဆုံး ဝယ်ယူခဲ့ကြပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ အဓိကလမ်းကြောင်းဖြစ်ခဲ့သည်။ ယခုဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် ၃ သန်း တင်ပို့ရန် လျာထားချက်ကို ပြည့်မီရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် ၉ လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ သန်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၇၅ သန်း ရရှိ
Jan 13 • 3:09 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


