ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့်အမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၌ စတင်ကြားနာနေပြီ ဖြစ်သည်။ အဆိုပါ ကြားနာပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။ ကြားနာမှု အစီအစဉ်အရ ဂမ်ဘီယာနိုင်ငံဘက်မှ ဇန်နဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ ဦးစွာ လျှောက်လဲရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံဘက်မှ ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိတစ်ကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိတစ်ကြိမ် ပြန်လည်လျှောက်လဲချက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
| 31 | 0 | 0 | 0 |


