ရခိုင်ပြည်ထွက် ဆန်၊ စပါးများမှာ ဒေသတွင်း ဝယ်လိုအားနည်းသည့်အပြင် ဈေးကောင်းမရရှိသည့်အတွက် ရခိုင် မဟာမိတ်နယ်မြေများတွင် ဆန်၊ စပါး ရောင်းချခွင့်ရရှိရေး ရခိုင်လယ်သမားများက မျှော်လင့်နေကြကြောင်း သိရသည်။ ရခိုင်ပြည်က လယ်သမားများမှာ ဆန်၊ စပါး ဝယ်လိုအား မရှိ၍ ဝင်ငွေနည်းကာ မိသားစုစားဝတ်နေရေး ရပ်တည်ရ ခက်ခဲနေကြသည်ဟု လယ်သမားများက ပြောဆိုကြသည်။ ဆန်၊ စပါး ထွက်ရှိမှုမှာ ဒေသတွင်းလိုအပ်ချက်ထက် ပိုလျှံနေ၍ ယင်း ပိုလျှံနေသော ဆန်၊ စပါးများကို ရခိုင်ပြင်ပ ဈေးကွက်တစ်ခုခုတွင် ရောင်းချခွင့် ရရှိရေးကို ရခိုင်လယ်သမားများက မျှော်လင့်နေကြခြင်းဖြစ်သည်။ ယခင်က ရန်ကုန်နှင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို အဓိက တင်ပို့ခဲ့ကြသော်လည်း လက်ရှိအခြေအနေအရ လမ်းပန်းဆက်သွယ်ရေး ပိတ်ပင်ခံထားရ၍ ရခိုင်လယ်သမားများမှာ ရခိုင်ပြင်ပ ဆန်၊ စပါးဈေးကွက် ပျောက်ဆုံးနေကြခြင်းဖြစ်သည်။လက်ရှိတွင် ဈေးကောင်းမရခြင်းနှင့် ဝယ်လိုအားနည်းသော ရခိုင်ပြည် ဒေသတွင်း ဆန်၊ စပါးဈေးကွက်ကိုသာ မှီခိုနေရ၍ ရခိုင်လယ်သမားများမှာ စပါးရောင်းမထွက်သည့် အခက်အခဲဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
Jan 13 • 2:49 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 20 | 0 | 0 | 0 |


