back

ရခိုင်ပြည်နယ်၊စစ်တွေ အောင်ဒိုင်ဘုန်းကြီးကျောင်းက ရှေးဟောင်းဘုရားများ ခိုးယူခံလိုက်ရ

Jan 13 • 2:48 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၊စစ်တွေ အောင်ဒိုင်ဘုန်းကြီးကျောင်းက ရှေးဟောင်းဘုရားများ ခိုးယူခံလိုက်ရ

ရခိုင်ပြည် စစ်တွေမြို့နယ် အောင်ဒိုင်ဘုန်းတော်ကြီးကျောင်းမှ ရှေးဟောင်း မဟာကျန်ဘုရားများ ခိုးယူခံခဲ့ရကြောင်း စစ်တွေ ဘုန်းကြီးအသိုင်းအဝိုင်းထံမှ သိရသည်။ ရှားပါးကြေ...

ရခိုင်ပြည် စစ်တွေမြို့နယ် အောင်ဒိုင်ဘုန်းတော်ကြီးကျောင်းမှ ရှေးဟောင်း မဟာကျန်ဘုရားများ ခိုးယူခံခဲ့ရကြောင်း စစ်တွေ ဘုန်းကြီးအသိုင်းအဝိုင်းထံမှ သိရသည်။ ရှားပါးကြေးများဖြင့် ပြုလုပ်ထားသော ရှေးဟောင်း မဟာကျန်ဘုရား ဒါဇင်နှင့်ချီ အောင်ဒိုင်ဘုန်းတော်ကြီးကျောင်းတွင်ရှိပြီးခိုးယူခံလိုက်ရတာဖြစ်သည်ဟု စစ်တွေမြို့မှ အမည်မဖော်လိုသည့် ဘုန်းတော်ကြီးတစ်ပါးက မိန့်သည်။ ကျောက်တော်မြို့အနီးတွင် ရှိသော မဟာမုနိဘုရား သွန်းလုပ်စဉ်က ပိုလျှံသော ရွှေငွေရတနာများဖြင့် ရုပ်ပွားတော်အဖြစ် ရှေးဟောင်း ဘုရား အများအပြားကို သွန်းလုပ်ခဲ့ပြီး ထိုဘုရားများကို မဟာကျန်ဘုရားဟု ခေါ်ကာ အောင်ဒိုင်ဘုန်းကြီးကျောင်းအပါအဝင် ရခိုင်ပြည်အနှံ့တွင် ရှိနေခြင်းဖြစ်သည်။ ရှေးဟောင်း မဟာကျန်ဘုရားများမှာ လက်ရှိပေါက်ဈေးဖြင့် ငွေကျပ် သိန်း ထောင်ချီ တန်ဖိုးရှိကြောင်းလည်း ဆရာတော်က ဆက်လက် မိန့်သည်။

news-view-count-icon

49