back

စစ်ကိုင်းတိုင်း၊ကသာမြို့နယ် ကူးတို့ဆိပ်ဖြတ်သန်းခ ဈေးနှစ်ဆတက်နေ

Jan 13 • 2:50 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ကသာမြို့နယ် ကူးတို့ဆိပ်ဖြတ်သန်းခ ဈေးနှစ်ဆတက်နေ

စစ်ကိုင်းနဲ့ကချင်အစပ် နယ်မြေပဋိပက္ခများဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးကအင်းရွာ–ကလုံ ကူးတို့ဆိပ်တွေ ဖြတ်သန်းခဈေးနှစ်ဆတက်သွားတယ်လို့ ...

စစ်ကိုင်းနဲ့ကချင်အစပ် နယ်မြေပဋိပက္ခများဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးကအင်းရွာ–ကလုံ ကူးတို့ဆိပ်တွေ ဖြတ်သန်းခဈေးနှစ်ဆတက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။နာရီဝက်ကြာ ကြာမြင့်တဲ့ အင်းရွာ–ကလုံ ဖြတ်သန်းခဟာ ပုံမှန်ဆိုရင် ကျပ် ၆ ထောင်သာရှိပေမဲ့ ရက်ပိုင်းအကြာမှာဘဲ ကျပ် ၁၁,၀၀၀ ထိဈေးတက်သွားတယ်လို့ ကသာမြစ်ကမ်းနဘေးကဒေသခံတစ်ယောက်ကပြောပါတယ်။“အခုလိုကသာက ရုတ်ရုတ်သဲသဲဖြစ်တဲ့အချိန်မှာ အဲ့လိုဖြစ်နေတာပေါ့။ သာဂရ–သပြေသာ၊ အင်းရွာ–ကလုံပေါ့ ကြာချိန်တွေက အတူတူပဲ သာဂရ–သပြေသာက ၆ထောင်ပဲ။ အင်းရွာ–ကလုံက ၁၁,၀၀၀ ဆိုတော့ ထက်ဝက်ကြီးကွာနေတာ။ အခုဆိုအကုန်လုံးကကြပ်တည်းနေကြတာကို”လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

news-view-count-icon

32