ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ပေါင်းလောင်းဒေသအတွင်းရှိ အခြေခံပညာရေး စာသင်ကျောင်းတွေမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ရဲ့ ပညာရေးစုံညီပွဲတော်ကို ကျေးရွာတိုင်းနီးပါးမှာ ကျင်းပနေကြပါတယ်။အဲ့ဒီစုံညီပွဲတော်မှာ ပညာရည်ထူးချွန်ဆု၊အားကစားထူးချွန်ဆုပေးခြင်းအပြင် အကပဒေသာများဖြင့် ကပြဖျော်ဖြေခြင်းအစီအစဥ်များပါဝင်ပြီး "ကလေးတွေရဲ့ထူးချွန်မှုကိုအသိအမှတ်ပြုကာ သူတို့လေးတွေ ဒီထက်မက ပညာကို ကြိုးစားသင်ယူစေချင်တဲ့ရည်ရွယ်ချက်နဲ့ကျင်းပရခြင်းဖြစ်တယ်" လို့ ကျောင်းအုပ်ဆရာမကြီးတစ်ဦးက အမှာစကားမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
Jan 13 • 2:45 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 28 | 0 | 0 | 0 |


