back

ပြင်ဦးလွင် ကော်ဖီဥယျာဉ်သို့ ခရီးသွားဝင်ရောက်မှု များပြား

Jan 13 • 2:44 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင် ကော်ဖီဥယျာဉ်သို့ ခရီးသွားဝင်ရောက်မှု များပြား

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ကော်ဖီဥယျာဉ်သို့ ခရီးသွားရာသီကာလအတွင်း လာရောက်လည်ပတ်သူ များပြားလျက်ရှိပြီး ပိတ်ရက်များတွင် နေ့စဉ် ခရီးသွား ၅၀...

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ကော်ဖီဥယျာဉ်သို့ ခရီးသွားရာသီကာလအတွင်း လာရောက်လည်ပတ်သူ များပြားလျက်ရှိပြီး ပိတ်ရက်များတွင် နေ့စဉ် ခရီးသွား ၅၀၀ မှ ၁,၀၀၀ ဦး အကြား လာရောက်လျက်ရှိတယ်လို့ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)မှ သိရပါတယ်။ အဆိုပါ ကော်ဖီဥယျာဉ်အတွင်း ကော်ဖီပင်များစွာ စိုက်ပျိုးထားပြီး ကော်ဖီမျိုးစေ့များနှင့် ကော်ဖီပျိုးခင်းများ၊ ကိုလည်း ပြသထားကြောင်း၊ အမှတ်တရဓာတ်ပုံရိုက်လိုသူများအတွက် စမ်းချောင်းများ၊ ရေကန်များနှင့် အလှဆင်ထားသည့်အပြင် ခရီးသွားပြည်သူများအတွက် ကော်ဖီဆိုင်များ၊ Tree House များ၊ နားနေဆောင်များကိုလည်း ဆောင်ရွက်ထားကြောင်းနှင့် ဝင်ကြေးအခမဲ့ဖြင့် လာရောက်လေ့လာခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရပါတယ်။ အလားတူ လည်ပတ်သူများ၏ မော်တော်ယာဉ်များ နားနေနိုင်ရန်အတွက် ကားပါကင်နေရာကိုလည်း ဆောင်ရွက်ပေးထားပြီး ၎င်းကားပါကင်နေရာအနီးတွင် ခြံထွက်ကော်ဖီမှုန့်များ၊ လက်ဖက်ခြောက်များနှင့် မက္ကဒေးမီးယား အသီးများအပါအဝင် ဒေသထွက်ကုန်အချို့ကိုလည်း လက်ဆောင်ပစ္စည်းအဖြစ် ဝယ်ယူနိုင်စေရန် အရောင်းဆိုင်များပါ ဖွင့်လှစ်ပေးထားကြောင်း သိရပါတယ်။

news-view-count-icon

76