အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ မှ ရူပီ သိန်း (၂၀) တန်ဖိုးရှိသည့် ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြကြသည်။အဆိုပါမြန်မာနိုင်ငံသားသည် စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်မှ အသက် (၃၂) နှစ် ဦးဘွေအုပ်မာန် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြကြသည်။ကျန်ဖိုင်ခရိုင်မှ အိုင်ဇော်လ်မြို့ကို မောင်းနှင်းလာသည့် ကားကို ဇန်နဝါရီလ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့များက စစ်ဆေးစဥ် ဖမ်းဆီးရမိခြင်းဖြစ်သည်။"ရဲတပ်ဖွဲ့ဝင်တွေက ကားကို စစ်ဆေးရမှာ Spicy ခေါက်ဆွဲ ထုပ်ထဲမှာ ဝှက်ထားတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးနိုင်ခဲ့တာ။"ဟု ဒေသတွင်း သတင်းတွင် ဖော်ပြကြသည်။ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးသည် အလေးချိန်အားဖြင့် ၁၁၂ ဂရမ်ရှိပြီး နိုင်ငံတကာ ပေါက်စျေးဖြင့် အိန္ဒိယ ရူပီး ၂၂,၄၀,၀၀၀ တန်ဖိုးရှိကြောင်း သိရသည်။



